နေကျယ်ဝန်း

သီးခြားခေါင်းစဉ် အောက်က သီးခြားလူ

လောဘအရေခွံခြုံတဲ့လူတွေကြောင့်
December လည်း နှင်းမကျပဲအေးတတ်ပြီ ။

လူလုပ် အပြင်အဆင်များနဲ့
christmas ကို အသက်သွင်းကြတယ် ။

မီးဆိုင်းမီးခတ်တွေက မင်းတို့နှလုံးသားကို
အမှန်တကယ် လင်းလက်စေမှာလား ။

ဘုရားကို ဝတ်ပြုဆုတောင်းဖို့မေ့ချင်မေ့မယ်
carol ထွက်အလှူခံဖို့ မေ့တက်ကျရဲ့လား ။

christmas ရောက်မှ ခြေအိတ်ရှာသူတွေအတွက်
သကြားလုံးတစ်လုံးတောင် ငါ မသဒ္ဒါဘူး ။

discount အပြိုင်ချတာသွားဝယ်ဖို့
နှင်းလူရုပ်တောင် မလုပ်အားတော့ဘူးတဲ့ ။

christmas ကိုပျော်ဖို့ပဲ စဉ်းစားတက်ကျရင်
သခင် ဒီလူတွေအတွက် ဆင်းလာဖို့မကောင်းဘူး ။

ပကာသန မပါတဲ့ပွဲတော်
တဖန်ငါ နွှဲပျော်ချင်ရဲ့။

hopeless (23 dec 08)



edit post

1 Reply to "Santa လွမ်းတဲ့ Christmas"

တေဇာ (လရောင်လမ်း) on March 21, 2009 at 3:22 PM

ကဗျာဆရာ၏ နာကျည်းစိတ်ကို ကွက်ကွက်ကွင်းကွင်းတွေ့မိ။ အဆိုးမြင် (Pessimism)ဘက်နည်းနည်း တိမ်းညွတ်ချက်ရှိ။ နောက်ဆုံးစာကြောင်းသည် ကဗျာ၏အသက်။ အယောင်ဆောင်ကဗျာလေး ကောင်း၏။

 

Post a Comment