( နောင်လာနောက်သားများသာ သတ်မှတ်ရန် )
မထချင် ထချင် မနက်ခင်း
မဝတ်ချင် ဝတ်ချင် uniform
မစားချင် စားချင် chicken rice
မစီးချင် စီးချင် MRT
မသောက်ချင် သောက်ချင် coke
မပေးချင် ပေးချင် respect
မဆဲချင် ဆဲချင် အသုံးအနှုန်း
မလုပ်ချင် လုပ်ချင် assignments
မ hang ချင် hang ချင် ငါ့ laptop
မသွားချင် သွားချင် library
မကြားချင် ကြားချင် အတင်းစကား
မပြောချင် ပြောချင် so sorry
မစစ်ချင် စစ်ချင် bank account
မဆက်ချင် ဆက်ချင် over sea
မဖတ်ချင် ဖတ်ချင် self improvement
မရွတ်ချင် ရွတ်ချင် ဘုရားစာ တွေကြားမှာ
( စကားမစပ်ဗျာ )
ချစ်ချင် ချစ်ချင်နဲ့
ကောင်မလေးတစ်ယောက် ကို
ထပ်တလဲလဲ မနက်ဖြန်တိုင်းမှာ
ချစ်နေပါတယ် လို့
အစ်မရေ
ဖုန်းနံပါတ် 90608051 နဲ့
မနက် 8 : 02 မှာထတော့
ဟိုင်းဝေးလမ်းမှာ ကားတွေတစ်နာရီ မိုင် 80 နဲ့ မောင်းနေကြတယ်
တိုက်နံပါတ် 180 D အောက်မှာ
coke တစ်ဗူး ပြား 80 ဆိုတာနဲ့
carpark no. 380 + 3 မှာ ပါးစပ်ထဲ သွန်ချနေရင်း
အရဟံ အခါ 803¼ ရွတ်လိုက်တော့
ကိုယ်အလေးချိန် ပေါင် 80 ထိကျသွားတယ်
လာမယ့် 2080 ခုနှစ်မှာ
မြန်မာ့အလင်း ဆေးရောင်စုံ အရွက် 80 နဲ့ထွက်မယ်တဲ့
ကောလဟာလ လားလို့ channel 81 - ၁ ကို လှပ်ကြည့်လိုက်တော့
ကာလသားတွေ 801 ပေါက်ရိုက်နေကြတယ်
ဒါနဲ့ ကုလားဖန်ထိုးသလို လုပ်ပြီး ဖဲ အချပ် 80 ခိုးလိုက်တယ် သွားကြားထိုးဖို့
1800 6433267 ကို lift ပျက်လျှင် ဆက်ပါက
ကျောင်းရောက်တဲ့ 805 ကားစီးရပြီး
laptop ဘက်ထရီ 80 % ပဲကျန်မယ် တဲ့
အဲဒါနဲ့ 80gsm A4 တစ်ထုပ်မှာ
အစ်မနာမည် အလုံး 80 x 10^ - 8000 ရေးပစ်လိုက်တယ်
ကဲ... ဒါပဲ ။
လောဘအရေခွံခြုံတဲ့လူတွေကြောင့်
December လည်း နှင်းမကျပဲအေးတတ်ပြီ ။
လူလုပ် အပြင်အဆင်များနဲ့
christmas ကို အသက်သွင်းကြတယ် ။
မီးဆိုင်းမီးခတ်တွေက မင်းတို့နှလုံးသားကို
အမှန်တကယ် လင်းလက်စေမှာလား ။
ဘုရားကို ဝတ်ပြုဆုတောင်းဖို့မေ့ချင်မေ့မယ်
carol ထွက်အလှူခံဖို့ မေ့တက်ကျရဲ့လား ။
christmas ရောက်မှ ခြေအိတ်ရှာသူတွေအတွက်
သကြားလုံးတစ်လုံးတောင် ငါ မသဒ္ဒါဘူး ။
discount အပြိုင်ချတာသွားဝယ်ဖို့
နှင်းလူရုပ်တောင် မလုပ်အားတော့ဘူးတဲ့ ။
christmas ကိုပျော်ဖို့ပဲ စဉ်းစားတက်ကျရင်
သခင် ဒီလူတွေအတွက် ဆင်းလာဖို့မကောင်းဘူး ။
ပကာသန မပါတဲ့ပွဲတော်
တဖန်ငါ နွှဲပျော်ချင်ရဲ့။
hopeless (23 dec 08)
လူ့ကျင့်ဝတ်တချို့
ဘဝသံစဉ်တွေထဲက
ဆုတ်ဖြဲ
အလင်းနှစ်တို့
ဂြိုလ်ဆွဲအားတွေကြောင့်
ယိုင်ယွဲ
ကံကြမ္မာလို့ နာမည်တပ်ပြီး
လူတွေကို မယုတ်မလွန်
ထိုင်ဆဲ နေတော့မယ်
မတရားတာလုပ်ချင်လုပ်မယ်
မ သမာ တဲ့ သမတ် တော့မလုပ်ချင်
သူကတော့
ကြယ်တွေနဲ့ မျက်တောင်ခတ်ပြိုင်လို့
(ရှုံးတဲ့လူကြွေစတမ်းတဲ့လေ)
အချစ်နက္ခတ်ခေါင်လေတဲ့ ရင်ခွင်
အမာရွတ် ၁ ဗီဇနာမလပ် ရှိလေတော့
ခေါင်းချပါ လို့ ကမ်းလှမ်းဖို့တောင် မသတီချင်
အမှောင်ကိုတော့မကြောက်ပါ
ထာဝရတော့မကန်းလို
Relativity သီအိုရီမပေါ်ခင်ကတည်းက
လူတွေ ချင့်ချိန်တက်တယ်
ပေတံဆိုတာ လူ့သမိုင်းရဲ့
အကျည်းတန်ဆုံး တီထွင်မှုပဲ
အခွင့်ရှိရင်ပေါ့ဗျာ
သခင့် ပါးက သွေးကြောလေးတွေ
တာလီချိုးခွင့်ပြုပါ
ဘာလဲ
ရယ်တယ်ပေါ့
လက်ညိုးပါ ထိုးလိုက်ဦး
သူမသည်
ကျွန်တော်၏
ကျောက်မပါသော မီးခြစ်
(ဝါ)
အဖွင့်မရှိတဲ့ ခက်ဆစ်
Realeased by Mortgage rates and by Used Mazda cars.
Copyright 2008 နေကျယ်ဝန်း, Bloggerized by Falcon Hive.com.